ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / March 03, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ပိုင်ရှင် ဦးတင်ဌေး(၆၅)နှစ်၏ “ငြိမ်းချမ်းဧရာ” စက်သုံးဆီ သိုလှောင်ရုံတွင် NISSAN ဆီဘောက်ဆာမော်တော်ယာဉ်မှ ဆီတိုင်ကီသို့ ဆီဖလှယ်ရာတွင် လက်လှည့်ပန့်ဖြင့် ဆီတိုင်ကီအား ရိုက်မိ၍ မီးပွားထွက်ပြီး အနီးရှိ ဓာတ်ဆီပီပါသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးငြှိမ်းယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၀၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၁၅ ပေ၊ တာလပတ်မိုး၊ ကွန်ကရစ်ခင်း ကားဂိုဒေါင် တစ်လုံး၊ 4L-XXXX CANTER အဖြူရောင်မော်တော်ယာဉ်၏ ရှေ့ခြမ်း၊ 92 ဓာတ် ဆီ ငါးဂါလန်၊ ဓာတ်ဆီပီပါခွံ ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးတင်ဌေး အား ဒေးဒရဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
