၁၀-၂-၂၀၂၃ ရက်နေ့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်းဖွင့်ပွဲ ကျင်းပခြင်း
၁၀-၂-၂၀၂၃ ရက်နေ့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်းဖွင့်ပွဲ ကျင်းပခြင်း
Office of the Auditor General of the Union/ npt / February 14, 2023

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၁၀-၂-၂၀၂၃ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက် ခဲ့သည်။
ဦးစွာ မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများက မေတ္တာဉယျာဉ် နေ့ကလေးထိန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုပြီး ရင်သွေးငယ်လေးများ အား လက်ဆောင်ပစ္စည်းနှင့် အစားအသောက်များပေးအပ်ခဲ့သည်။
ယင်းနောက် မေတ္တာဉယျာဉ် နေ့ကလေးထိန်းကျောင်းမိသားစုတွေ့ဆုံပွဲအခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဆုံဆည်းရာစားရိပ်သာ၌ ဆက်လက်ကျင်းပရာ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေ့ကလေးထိန်းကျောင်းဖွင့် လှစ်ခြင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေ့ကလေးထိန်းကျောင်းအတွက် ပုံပြင်၊ ကဗျာ၊ သီချင်းစာအုပ်များ လက်ဆောင်ပေးအပ်၍ ပြုစုစောင့်ရှောက်မှုဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသားမိဘများကိုယ်စား စီမံရေးရာ(ဘတ်ဂျက်)ဌာနခွဲမှ ဦးစီးအရာရှိ က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မေတ္တာဉယျာဉ်နေ့ကလေးထိန်းကျောင်းကို ဝန်ထမ်းများ၏ ရင်သွေးငယ်လေးများအား ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး နည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင် ထိန်းကျောင်းပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ရင်သွေးငယ်လေးများ အတွက် စိတ်ပူပန်ရမှုများမရှိစေဘဲ လုပ်ငန်းတာဝန်များကို စိတ်လက်ပျော်ရွှင်ပေါ့ပါးစွာ တာဝန်ထမ်းဆောင်နိုင်စေရန်နှင့် အနာဂတ်၏ရင်သွေးငယ်များကို ဘက်ပေါင်းစုံလွှမ်းခြုံ၍ အရည်အသွေးပြည့်ဝသော၊ ဖွံ့ဖြိုးမှုအဆင့်နှင့်ကိုက်ညီသော ပြုစုစောင့်ရှောက်မှုများ ရရှိနိုင် စေရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ရုံး နေ့ကထိန်းကျောင်းကြီးကြပ်ရေးကော်မတီနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများတက် ရောက်ခဲ့ကြသည်။