၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာချက်

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာချက်


Ministry of Information/ Naypyitaw / June 16, 2022
image_latest


နေပြည်တော် ဇွန် ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄ (၂၀၂၂)ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၅၃၈၈) ဦးအနက် (၁၃၇၁)ဦးအောင်မြင်၍ (၂၅.၄၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ (၆၀၇၆) ဦး အနက် (၂၇၂၆) ဦးအောင်မြင်၍ (၄၄.၈၇) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ (၁၀၈၈၀)ဦးအနက် (၂၀၅၁) ဦးအောင်မြင်၍ (၁၈.၈၅) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ (၁၆၃၈၉) ဦးအနက် (၉၄၆၅) ဦးအောင်မြင်၍ (၅၇.၇၅) ရာခိုင်နှုန်း အောင်မြင်ကြသည်။

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်အောင်မြင်ခဲ့ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအနက် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ကြသည်။

၁၃၈၄ (၂၀၂၂) ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

(သတင်းစဉ်)