၁-၆-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၃) အခမ်းအနားကျင်းပခြင်း
၁-၆-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၃) အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / June 05, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၃) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များကကြီးမှူး၍ ၁-၆-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
နံနက်ပိုင်းတွင် ရုံးအဖွဲ့ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် စစ်ဆေးရေးဉီးစီးဌာနနှင့် စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ အခမ်းအနားအစီအစဉ်အတိုင်း အသီးသီး ဆန္ဒထုတ်ဖော်တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ရုံးဌာနများအလိုက် အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဆန္ဒထုတ်ဖော်ပွဲတွင် တင်ပြချက်များနှင့်စပ်လျဉ်း၍ အလေးထားမှတ်သားထားပါကြောင်း၊ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့်ကိစ္စရပ်များအပေါ်မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သာယာပျော်ရွှင်သောလုပ်ငန်းခွင် (Happy Environment) ဖြစ်စေရေး အားလုံးပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။