၂ဝ၂၄ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

၂ဝ၂၄ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ


Ministry of Information/ Naypyitaw / April 26, 2024
image_latest


၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

၂ဝ၂၄ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာစကား) တို့၏ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ကိုကျော်စွာ (ကျိုက်ပိ)၊ ရှင်စောဖြူတို့၏ လူငယ်ရေးရာဆောင်းပါးများ၊ အေးထွန်းမင်း၊ ပါမောက္ခကိုကိုအောင်၊ သီတာမြတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ ထီလာစိုးမြင့်ထယ်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါး၊ မြသိန်း၊ ရဲထက်ဇော်တို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ သန့်လွင်ထွန်း (MPA) ၏ မသန်စွမ်း သူများဆိုင်ရာ ဆောင်းပါး၊ ခင်မောင်အေး၏ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆောင်းပါး၊ ခြယ်မှုန်းသီ၏ အကြမ်းဖက်မှုဆိုင်ရာ ဆောင်းပါး၊ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာ မြင့်သန်း၊ ကိုကိုအောင် (အလုပ်သမား)၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါး များ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ရန်ကုန်ဌေးဇော်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆ နှင့် ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-ဝ၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,