၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော် (လေ) မှ စစ်သည်နှင့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ဆုချီးမြှင့်

၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော် (လေ) မှ စစ်သည်နှင့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ဆုချီးမြှင့်


Ministry of Information/ Naypyitaw / September 01, 2025
image_latest


နေပြည်တော် ဩဂုတ် ၃၁

၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော် (လေ) မှ စစ်သည်နှင့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊  တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်သည်၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ဂုဏ်ပြုအမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၅) ဘာသာဂုဏ်ထူးရှင် သုံးဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ၂၀၊ (၂) ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၃၁ ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် စစ်သည်တစ်ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,