၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်


Myanmar National Human Rights Commission/ Yangon / October 10, 2023


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် (Knowledge Sharing Program ) အရ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အနေဖြင့် စိတ်ကျန်းမာရေးနှင့် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ၁၀-၁၀-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာ လ ၁၀ ရက်နေ့က စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ်၏ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ “Mental Health is a Universal Human Rights” ဖြစ်ပါကြောင်း၊ ထိုနေ့တွင် စိတ်ကျန်းမာရေးနှင့် စပ်လျဉ်းသည့် ဗဟုသုတများ တိုးပွားစေရန်အသိပညာမျှဝေခြင်း( Knowledge Sharing Program ) အစီအစဉ်အရဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုဟောပြောမည့် အစီအစဉ်မှ စိတ်ကျန်းမာရေးနှင့်လူ့အခွင့်အရေး မည်သို့ဆက်စပ်နေသည်ကို သိရှိရမှာဖြစ်သည့်အတွက် တက်ရောက်လာသူများအနေဖြင့် အကျိုးရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် ကျန်းမာခြင်း၊ စိတ်ကျန်းမာရေး၊ စိတ်အခြေအနေကောင်းမွန်သူများ၊ စိတ်ကျန်းမာရေးပြဿနာ ဖြစ်ရသည့် အကြောင်းရင်းများ၊ စိတ်မကျန်းမာသည့် အမျိုးအစားများ၊ စိတ်ကျန်းမာရေးသည် လူနေမှုဘဝတွင် အရေးပါခြင်း၊ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်ပွားမှုအခြေအနေ၊ သိမ်ငယ်အောင် ပြုမူခြင်းနှင့်ခွဲခြား ဆက်ဆံခြင်း၊ စိတ်မကျန်းမာသူများအပေါ် ခွဲခြားဆက်ဆံမှုဥပမာများ၊ စိတ်မကျန်းမာသူများ၏ အခွင့်အရေးများနှင့် စိတ်ကျန်းမာရေးကို လူအများသိနားလည်အောင် စည်းရုံးလှုံ့ဆော်မှုပြုလုပ် ခြင်းစသည့် ခေါင်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့တက်ရောက် လာကြသည့် ပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က ပြန်လည်ဖြေကြားခဲ့ပါသည်။

   ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအရာ ထမ်း/ အမှုထမ်းများ၊ ကော်မရှင်ရုံးခွဲများမှ အရာထမ်း/အမှုထမ်း (၇၅)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲအား (၁၁း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

HOT NEWS
January 4,