၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Ministry of Information/ Naypyitaw / October 28, 2023
နေပြည်တော် အောက်တိုဘာ ၂၈
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C) မှ ကျောက်စိမ်းအသားကျောက်အတွဲ (၇၉၂) တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၇၇၉) တွဲ ရောင်းချရကြောင်းကြေညာသည်။
၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲ (၃၀၀) တွင် ပုလဲအတွဲ (၃၀၀) နှင့် ကျောက်မျက်အတွဲ (၁၆၀) အနက်မှ ကျောက်မျက်အတွဲ (၇၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု (A) မှ ကျောက်စိမ်းအတွဲပေါင်း (၅၂၀) ၊ အုပ်စု (B) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၃၃) တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၉၂) တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၇၀၄) တွဲ ရောင်းချနိုင်ခဲ့သည်။
ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
