၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ

၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်း ထုတ်ပြန်ကြေညာ


Ministry of Information/ Naypyitaw / June 03, 2023
image_latest


နေပြည်တော် ဇွန်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၄ ခုနှစ်(၂၀၂၃ ခုနှစ်)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၆၇၅၅ ပါး/ဦးအနက် ၁၇၂၉ ပါး/ဦး အောင်မြင်၍ ၂၆ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၅၂၀၁ ပါး/ဦးအနက် ၂၅၂၉ ပါး/ဦး အောင်မြင်၍ ၄၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၃၅၇၃ ပါး/ဦးအနက် ၆၄၃၈ ပါး/ဦး အောင်မြင်၍ ၄၈ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ ၂၀၅၃၁ ပါး/ဦးအနက် ၁၁၂၉၄ ပါး/ဦး အောင်မြင်၍ ၅၅ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။

၁၃၈၄ ခုနှစ်(၂၀၂၃ ခုနှစ်)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်များအနက် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမရရှိခဲ့ကြသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

၁၃၈၄ ခုနှစ် (၂၀၂၃ ခုနှစ်) အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

သတင်းစဉ်

HOT NEWS
January 4,