၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရသူများ စာရင်းထုတ်ပြန်ကြေညာ
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရသူများ စာရင်းထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / June 22, 2024

ရန်ကုန် ဇွန် ၂၁
၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။
ဝတ္ထုတို ပြိုင်ပွဲတွင် ဒေါ်သဉ္ဇာမိုး(သဉ္ဇာလှိုင်-လားရှိုး)၏ “လမိုက်ညတွေ ကင်းပါစေ ကြယ်လေးတွေလည်း လင်းပါစေ”ဝတ္ထုတိုက ပထမ၊ ဦးအောင်ကိုကိုဦး (ထက်ဝေအောင်-စစ်ကိုင်း)၏ “အဆိပ်ငွေ့များသူ တစ်ယောက်ရဲ့ချစ်စရာဗီဇ” ဝတ္ထုတိုက ဒုတိယနှင့်ရဲမှူးကြီး မြင့်ထွန်း(အန်ကယ်ပညာ)၏ “တစ်စင်းတည်းသော မြား” ဝတ္ထုတိုကတတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးပိုင်ဆု(ပိုင်ဆု-ပညာရေး)၏ “နေဝင်ပြီမို့မှောင်ရသည် ”၊ ဒေါ်ခင်မျိုးသိန်း(ချိုမြသွင်)၏ “ဂန္ဒဝင်တိုက်ပွဲ”နှင့် မဇင်လဲ့ထွေး(ဇင်-ဧရာဝတီ)၏ “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ(သို့) တစ်နေဝင်လျှိုး တစ်မိုးချုပ်သော်လည်း” ဝတ္ထုတိုတို့က ရရှိကြသည်။
ဆောင်းပါး ပြိုင်ပွဲတွင် ဒေါ်ခင်နှင်းရည် (ခင်နှင်းရည်-ရန်ကုန်တက္ကသိုလ်)၏ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး” ဆောင်းပါးကပထမ၊ ဦးစိန်ဝင်း (ဟင်္သာတမြို့နယ် စာရေးဆရာအသင်းဝင်) (ရင်ငြိမ်းအေး-မေတ္တာမြေ) ၏ “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ ” ဆောင်းပါးက ဒုတိယနှင့် ဒေါ်ဝင်းမာမြင့် (အင်ကြင်းမေ) ၏ “မူးယစ်ရန်စွယ် အသွယ်သွယ်အန္တရာယ်ဟူသမျှ ရှောင်ရှားကြ” ဆောင်းပါးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မဇာခြည်မြင့် (နှင်းဇာခြည်မြင့်-ရွှေကျွန်းမြေ)၏ “မူးယစ်ရန်စွယ် အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြ”၊ ဦးအောင်ခင်(အောင်သူရိန်-ပုလဲ)၏ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”နှင့် ဒေါ်ခင်ဝတ်ရည်(ဝတ်ရည်ခင်-ပဲခူး)၏ “မူးယစ်ရန်စွယ် အသွယ်သွယ်အန္တရာယ်ဟူသမျှ ရှောင်ရှားကြ” ဆောင်းပါးတို့က ရရှိကြသည်။
ကဗျာပြိုင်ပွဲတွင် ဦးရီလွင်(မောင်ယုလွင်-သပြေ)၏ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံးစည်းလုံးတိုက်ပစ် ထိုမူးယစ်” ကဗျာက ပထမ၊ ဦးကုသလ(မြတ်ဘုန်းခေါင် Pku) ၏ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်” ကဗျာက ဒုတိယနှင့် ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)၏ “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ” ကဗျာက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးအေးဝင်း(မင်းသစ်ဝင်း-ကျောက်တံခါး)၏ “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ(သို့) အမေသို့မှာတမ်း”၊ ဒေါ်စမ်းစမ်းအေး (စမ်းစမ်း-မနောမြေ)၏ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”နှင့် ဦးခင်မောင်မြ (ညောင်ရွှေ-ခင်မောင်မြ)၏ “မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်” ကဗျာတို့ကရရှိကြသည်။
တေးသီချင်းပြိုင်ပွဲတွင် ဦးမျိုးမြင့်အောင်(ဟင်္သာတမျိုးအောင်)၏ “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ” တေးသီချင်းက ပထမ၊ ဦးသူရစိုး(စစ်သူ)၏ “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ” တေးသီချင်းက ဒုတိယနှင့် ကိုဇော်လင်းသိန်း (ဇော်လင်းသိန်း)၏ “မူးယစ်ဆေးဝါးအန္တရာယ် လက်တွဲတိုက်ဖျက်ကာကွယ်” တေးသီချင်းက တတိယဆုများရရှိကြပြီး အထူးဆုအဖြစ် ဦးသောင်းလွင်(ဈေယျတု) ၏ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်” တေးသီချင်းကရရှိသည်။
ဓာတ်ပုံ ပြိုင်ပွဲတွင် “မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် ဦးအောင်မင်းဦး(အောင်မင်းဦး MCDC) က ပထမ၊ “မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ် လက်တွဲစို့” ခေါင်းစဉ်ဖြင့် အေးလွင်ဦး(မင်းလွင်ဦးမောင်)က ဒုတိယနှင့် မနှင်းဝတ်မှုန်အောင် (ကေသူနှင်း)က တတိယဆုများရရှိကြပြီး အထူးဆုအဖြစ် ပိုင်စိုးထွန်း(ပိုင်ကြီး-ရမ္မာသဉ္ဇာ)က ရရှိသည်။
ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် ဦးမောင်မောင်ကျော်ဝင်း(မောင် မောင်ကျော်ဝင်း)၏ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံးစည်းလုံးတိုက်ပစ်ထိုမူးယစ်”က ပထမ၊ မငြိမ်းအေးသူ (မငြိမ်းအေးသူ ထ-၃ ပဲခူး)၏ “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့” က ဒုတိယနှင့် ဦးအောင်စည်သူ၏ “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့”က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ဗိုလ်ဗိုလ်ကျော်(ကျော်ကျော်-အမြင့်)၏ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”၊ နွယ်နီထွန်း(နွယ်နီလှိုင်)၏ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”နှင့် ဒေါ်ဝါဝါဝင်း(ဝါလေး)၏ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်” တို့က ရရှိကြသည်။
ပန်းချီ မူလတန်းအဆင့်ပြိုင်ပွဲတွင် မမေဖူးဖူးမောင် အမက(၁၁) သာကေတမြို့နယ်က ပထမ၊ မောင်လွင်သန့်ထူးအောင် ဥယျာဉ်မှူးကိုယ်ပိုင်အထက်တန်းကျောင်း မကွေးမြို့က ဒုတိယနှင့် မောင်မော်ကွန်းခန့် အမက(၇) ဖျာပုံမြို့က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မရှင်းသန့်ဖြူ အထက(၁) မိုးညှင်းမြို့၊ မဆုယွန်းနွယ် မူလွန်(အောင်မင်္ဂလာ-၂) သံဖြူဇရပ်မြို့နယ်နှင့် မဧကရီဇော် အမက (ဂွေးပင်) ကျောက်တန်းမြို့နယ်တို့က ရရှိကြသည်။
ပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မမိရွှေရည်ဖူးပွင့် အထက (၉) မော်လမြိုင်မြို့က ပထမ၊ မဇင်ပြည့်ဖြိုးသူ အထက(၃) ဗဟန်းမြို့နယ်က ဒုတိယနှင့် မသက်ဝေဝေကို အထက(၁) မိုးကောင်းမြို့က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်လင်းထက်စွမ်း ကိုယ်ပိုင်ကျောင်း (ကစွန်းအင်း) မြိတ်မြို့၊ မရှင်းသန့်လင်း အထက(မြို့မ) ကျောက်တန်းမြို့နယ်နှင့် မောင်တိုးဝေလင်း မူလွန်(အေးမြသာယာ) ဖားကန့်မြို့တို့က ရရှိကြသည်။
ပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မောင်လျှမ်းပြည့်အောင် ကောင်းစုစံပညာ့ရိပ်မွန် ရွှေပြည်သာမြို့နယ်က ပထမ၊ မောင်ရဲမွန် အောင် အထက(၁) မိုးညှင်းမြို့က ဒုတိယနှင့် မောင်ကျော်စိုးမိုးသန့် အထက(၉)မော်လမြိုင်မြို့က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မနန်းဟွမ်နွန်း အထက (ဆန်ဆိုင်း) တာချီလိတ်မြို့၊ မမေရီယား အထက(၉) မြစ်ကြီးနားမြို့နှင့် မယမင်းအောင် အထက(၁) စစ်ကိုင်းမြို့တို့က ရရှိကြသည်။
(ဆက်လက်ဖော်ပြပါမည်)