၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ်မည်

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ်မည်


Ministry of Information/ Naypyitaw / November 19, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအနေဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ်မည်ဖြစ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် Polytechnic University ဖွင့်လှစ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးများသည် Naypyitaw State Polytechnic University ရှိ Theatre ခန်းများ၊ စာသင်ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများစီစဉ်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်