၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး)ထုပ်ဆီးတိုးနှင့်(အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများ စတင်ကျင်းပ

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး)ထုပ်ဆီးတိုးနှင့်(အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများ စတင်ကျင်းပ


Ministry of Information/ Naypyitaw / January 01, 2026
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး) ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် (အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၄)၌ ကျင်းပရာ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၇၄)မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၁၀)မှတ် ငါးမှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အသင်းကို ၇၂ မှတ် သုံးမှတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန အသင်းကို ၉၃ မှတ် ၀ မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၁၀၈ မှတ် ၀ မှတ်ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၂၇ မှတ် ၁၆ မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိ ကြသည်။

ထို့အတူ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက တရားလွှတ်တော်ချုပ်ရုံးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

လွန်ဆွဲ(အမျိုးသား) ပြိုင်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တရားလွှတ်တော်ချုပ်ရုံးအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကိုနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၄)၌ ထုပ်ဆီးတိုး (အမျိုးသမီး) ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အလားတူ နံနက် ၈ နာရီ တွင် လေ့ကျင့်ရေးကွင်း အမှတ်(၃) ၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်း၊ ဥပဒေရေးရာအသင်းနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား)ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် လျှစ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် တရားလွှတ်တော် ချုပ်ရုံးအသင်း၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်းနှင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနအသင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည့်အတွက် အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်