၂-၆-၂၀၂၃ ရက်နေ့တွင် နယုန်လပြည့်နေ့ စေတိယဒါနနှင့် ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃာပူဇာ ကုသိုလ်များ စုပေါင်းကုသိုလ်ပြုခြင်း

၂-၆-၂၀၂၃ ရက်နေ့တွင် နယုန်လပြည့်နေ့ စေတိယဒါနနှင့် ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃာပူဇာ ကုသိုလ်များ စုပေါင်းကုသိုလ်ပြုခြင်း


Office of the Auditor General of the Union/ NPT / June 05, 2023


မြတ်စွာဘုရားရှင် “မဟာသမယသုတ်တော်” ကို ဟောတော်မူသော နေ့ထူးနေ့မြတ်ကို ကြည်ညိုပူဇော်သောအားဖြင့် ၂-၆-၂၀၂၃ ရက်နေ့ နံနက် ၅ နာရီခွဲတွင် လေးကျွန်းမဏ္ဍိုင် ကျောင်းဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး “ကုသလဓမ္မာရုံ” ၌ ကိန်းဝတ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွား တော်မြတ်များကို ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် မဟာသမယသုတ်တရားတော်များနာယူပူဇော်ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် အရာထမ်းဝန်ထမ်းများစုပေါင်း၍ ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃာပူဇာကုသိုလ် ပန်း၊ ရေချမ်း၊ နံ့သာ၊ သစ်သီးဆွမ်းများ ဆက်ကပ်၍ ဘုရားရှိခိုးကန်တော့ခြင်း၊ သီလဆောက်တည်ခြင်း၊ မေတ္တာပို့အမျှဝေဘာဝနာပွားများခြင်းနှင့် သံဃာတော် အရှင်သူမြတ်များထံ အာရုံဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် စုပေါင်းကုသိုလ်ပြုခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ သာသနာ့ဂုဏ်ဆောင် မေတ္တာရောင်ကျောင်းတိုက်ပရိဝုဏ်အတွင်း ဉာဏ်တော်အမြင့် (၃၆)ပေရှိ “လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် သီရိပျံချီ သီဟသုဓမ္မမဏိဇောတဓရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးးနှင့် ဇနီး ဒေါ်သီတာဌေး မိသားစု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာရင်းစစ်ရုံး၊ ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများမှ အရာထမ်း၊ အမှုထမ်း မိသားစုများစုပေါင်း၍ စေတိယဒါနကုသိုလ်တော်အဖြစ် အလှူတော်ငွေ ကျပ် သိန်း ၅၀ ကို လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက “မဟာသမယသုတ်တော်” ကို စုပေါင်းရွတ်ဖတ်ပူဇော်ပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် မေတ္တာပို့ အမျှပေးဝေခဲ့ကြသည်။

HOT NEWS
January 4,