‎အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး

‎အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / May 26, 2026
image_latest


‎အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
‎************************************************************************
‎အောင်လံ          မေ            ၂၆

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊အောင်လံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကစမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းဖြင့် တနိုင်တပိုင်
စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။‎
‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီ နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စမ်းကလေး(ရွာမ)ကျေးရွာ၌မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံများဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကစီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်
‎‎အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ အား စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူစီမံကိန်းအသင်းဝင် ၈၂ ဦးကို  အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်းအောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။