“ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား" သို့ Online Meeting System ဖြင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

“ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား" သို့ Online Meeting System ဖြင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်


Ministry of Information/ / November 10, 2020
image_latest


ပဲခူး    အောက်တိုဘာ ၂၁

အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်၊ MICC(2) ခန်းမ၌ ကျင်းပပြုလုပ်သည့် “ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟို အဆင့်ဖွင့်ပွဲအခမ်းအနား" သို့ Online Meeting System ဖြင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Human Papillomavirus (HPV)ကြောင့် ဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့် ကြိုတင် ကာကွယ် ဆေးထိုးခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံ ပေးရခြင်း၏ အကြောင်းအရင်းကို လည်းကောင်း ပြောကြားခဲ့ပြီးနောက် ပညာပေးဗီဒီယိုမှတ်တမ်းအား ပြသ ခဲ့သည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ် များဆုံးကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်များဆုံး ကင်ဆာ ရောဂါဖြစ်သည်။ (၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး(၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့သည်။ ၎င်းသားအိမ်ခေါင်း ကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်များဆုံး ကင်ဆာဖြစ်၍ မြန်မာနိုင်ငံတွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ထိုးနှံပေးရန် စတင်သည့် အခမ်းအနားဖြစ် ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)