“မိုးသီတာပုလဲ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
“မိုးသီတာပုလဲ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Ministry of Information/ Naypyitaw / August 21, 2025
နေပြည်တော် ဩဂုတ် ၂၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “မိုးသီတာပုလဲ” တေးဂီတဖျော်ဖြေပွဲကို ဩဂုတ် ၂၂ ရက် သောကြာနေ့ ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ရ တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ စိုးထက်အောင်၊ ရဲဝင့်လှိုင်၊ မိုးသောက်ကြယ်၊ မေထူးကျော်၊ အိအိလှိုင်၊ မို့မို့ကျော်လွင်၊ ချိုမီမီဇော်၊ ဖူးပွင့်ရွှေရည်လှိုင်နှင့် ချစ်စုစံတို့က ပဇ္ဇုန်မိုးတို့ မြူးတူးရွှင်ပျစွာ မိုးပုလဲပန်းများ ရွာသွန်းဖြိုး ပက်ဖျန်းမှုနှင့်အတူ ဝါခေါင်လဖွဲ့အလွမ်းတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
“မိုးသီတာပုလဲ” တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမှုနှင့်အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် ဩဂုတ် ၂၄ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
