“မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် တန်ခူးလဆုတ် (၁၂) ရက်နေ့မှ ကဆုန်လဆန်း (၁) ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များ”
“မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် တန်ခူးလဆုတ် (၁၂) ရက်နေ့မှ ကဆုန်လဆန်း (၁) ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များ”
Ministry of Information/ Naypyitaw / April 07, 2026
၁။ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများ လိုက်နာရန်-
(က) မူးယစ်သောက်စားယာဉ်မမောင်းရ။
( ခ ) အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မမောင်းရ၊ လုမမောင်းရ။
( ဂ ) မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ။
(ဃ) ယာဉ်နံပါတ်ပြားမပါရှိဘဲ မမောင်းရ။
( င ) ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင်ခြင်း လုံးဝမပြုရ။
( စ ) ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင် ခြင်းမပြုရ။
(ဆ) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(ဝှီးတက်)မပါဘဲ မမောင်းရ။
( ဇ ) ဖျက်သိမ်းထားသော ယာဉ်အို/ ယာဉ်ဟောင်းများ၊ မှတ်ပုံ မတင်ရသေးသောယာဉ်များနှင့် ပြုပြင်ဆဲယာဉ်များ မမောင်းရ။
( ဈ ) နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရ။
(ည) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ ဘေးတွဲ ဆိုင်ကယ်များမှ စီးနင်းခြင်း လုံးဝမပြုရ။
( ဋ ) ပစ်ကပ်ယာဉ်များ(လိုက်ထရပ်/မီနီပစ်ကပ်)သည် သတ်မှတ်ထားသည့် ဝန်အလေးချိန် (လူဦးရေ) ထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်းမပြုရ။
၂။ ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်။
၃။ ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။
၄။ သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ပါသည်။
၅။ ယခုအခါ အချက်အချာကျသော လမ်းဆုံ/လမ်းခွ မီးပွိုင့်များတွင် CCTV Camera များ တပ်ဆင်ထားပြီးဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများအား အဆိုပါကင်မရာများဖြင့် ရိုက်ကူးထားပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ပါ သည်။
၆။ “သင့်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု မဖြစ်ပါစေနှင့်”
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
