(၁၁၀)ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၁၁၀)ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ် / November 11, 2019


ထားဝယ် နိုဝင်ဘာ ၁၀

ယနေ့ ၁၈၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော (၁၁၀) ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ရွှေတောင်စား ဘုရားကြီး ဂေါပကနာယက ဦးအုန်းခိုင်တို့မှ နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ဖူးမြှော်ကြည်ညို၍ အလှူငွေများထည့်ဝင် လှူဒါန်းကုသိုလ်ပြုကြပြီး ဘုရားကြီးဂေါပကအဖွဲ့မှဦးဆောင်ကာ ဥပသကာများက ဗုဒ္ဓရုပ်ပွားတော် မြတ်များကို ထားဝယ်မြို့ပေါ်ရပ်ကွက်အတွင်း ညလုံးပေါက် ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ငွေပဒေသာပင်များ ကပ်လှူပူဇော်ကြပြီး ဥပသကာများအား စေတနာရှင် အလှူရှင်များက စတုဒီသာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြပါသည်။

ထားဝယ်မြို့၏ ကျက်သရေဆောင်နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီး ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၁၀)နှစ် တိုင်တိုင်ကျင်းပလာခြင်းဖြစ်ပြီး (၁၁၀)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးကို ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဘုရားကြီးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

HOT NEWS
January 4,