(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဆက်လက်ကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / October 27, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၂၆

“ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ကရင်ပြည်နယ်ကိုယ်စားပြု ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို နိုင်ငံတော်တည်တံ့ခိုင်မြဲမှုနှင့်အတူ ယှဉ်တွဲတည်ရှိနေရမည့် ဂုဏ်ဒြပ်များအဖြစ် နှလုံးသွင်းခံယူပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို လူအား၊ ငွေအား၊ အချိန်အား စိုက်ထုတ်ကျင်းပပေးနေခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲကြီးသည် အနုပညာဆိုင်ရာ ပြိုင်ပွဲတစ်ခု ဖြစ်သည့်အပြင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်ဟောင်း အနုပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုပညာရှင် မောင်နှမများ ပေါင်းကူးယှက်နွှယ်သည့်ပွဲ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုများ ယဉ်ကျေးမှုပေါင်းစည်းသည့် ပွဲဖြစ်ကြောင်း သိရသည်။

ယနေ့တွင် “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြူဝန်းလို့ခို” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဒီပါအေးမြ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ကုန်းဘောင်နေမင်း” (ပတ်ပျိုးလတ်) သီချင်းဖြင့်လည်းကောင်း သာယာငြိမ့်ညောင်းသည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။

“ကာလပေါ်” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပရာ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အရွယ်သုံးပါး” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြနဒီ” သီချင်းဖြင့် လည်းကောင်း ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) Plenary Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးအဆစ် ညီညာစွာအသုံးပြု၍ ငြိမ့်ညောင်းသည့် ကကွက်ကဟန်များဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ကြည့်ရှုသူများ ရင်သပ်ရှုမောဖြစ်စေမည့် ကကြိုးကကွက်များဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ကကြိုးကကွက်စုံလင်စွာဖြင့် လည်းကောင်း အားကြိုးမာန်တက် ယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲ၏ သီချင်းသံစဉ်ထည့်သွင်းလေ့ကျင့်သီဆိုခြင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဗလငါးတန်ဒို့ရည်သန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇာတိပုညဂုဏ်မာန” ခေါင်းစဉ်ဖြင့် လည်းကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း လေ့ကျင့်သီဆိုကြသည်။

စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဆန်းဆန်းသဉ္ဇာကြာညောင်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖူးရွှေလက်တင်” (ကာလပေါ်) သီချင်းဖြင့် လည်းကောင်း လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်ကြ သည်။

တယောအတီးပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ချစ်သမျှ ကို” (ပတ်ပျိုး) သီချင်းဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မေတ္တာသံဝေ” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပဇ္ဇုန်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပဇ္ဇုန်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်းသာယာငြိမ့်ညောင်း စွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

နှဲပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂန္ဓမာတောင်” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “နှင်းယွန်းဂိမှာန်” (မွန်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မင်းလမ်းစပ်ကာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောဟေဝန်လယ်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့်”(ကြိုး)သီချင်းဖြင့် လည်းကောင်း တီးမှုတ်ယှဉ်ပြိုင်ကြသည်။

ဆိုင်းဝိုင်းကြီး အဖွဲ့အလိုက် အတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ ရုပ်စုံသဘင် အဖွဲ့လိုက်ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ကရင်ပြည်နယ်ကိုယ်စားပြု ရွှေဖားစည်သံ အောင်နန်းစံ ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ကျူးသည့်အက အလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု စိန်မြန်မာအနုပညာအင်အားစု မဟော်သဓာဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ၏ အဆိုပြိုင်ပွဲတွင် အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မဟာဂီတအဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း တေး/ကာလပေါ်ပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့်(ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲများ ပါဝင်သည်။

အကပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီးအဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပါဝင်ယှဉ်ပြိုင်နိုင်သည့် မြန်မာအက အခြေခံအမျိုးသမီး ကဗျာလွတ် အက(ပထမအဆင့်)၊ အမျိုးသမီး ၁၆ ဦး ယိမ်းပြိုင်ပွဲ၊ တစ်ဖွဲ့လျှင် ၁၆ ဦး ပါဝင်ယှဉ်ပြိုင်နိုင်သည့် တိုင်းရင်းသားရိုးရာအက (သို့မဟုတ်) ကျေးလက်ရိုးရာ အကပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဝင်ရောက်ကပြယှဉ်ပြိုင်ကြမည့် ရှမ်းတိုင်းရင်းသားရိုးရာ အက ၁၆ ဦး ယိမ်းပြိုင်ပွဲတို့ ပါဝင်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,