(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပ

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / September 12, 2025


ဘားအံ စက်တင်ဘာ ၁၂

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(ပြည်နယ်အဆင့်)ဖွင့်ပွဲကို စက်တင် ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာအသိအမှတ်ပြုလေးစားခံရသည့် မြန်မာ့ရိုးရာယဉ် ကျေးမှုအနုသုခုမများကို မပျောက်မပျက်အောင် ပြည်နယ်သူ၊ပြည်နယ်သားများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူငယ် မောင်မယ်များထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် သဘင်အစည်းအရုံးက မင်္ဂလာအောင်ပွဲ တေးသရုပ်ဖော်အက၊ ဂီတအစည်းအရုံးက ဂီတသဘင် အောင်ပွဲဆင် တေးသီချင်း၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဒုံးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြ ပြီး အခြေခံပညာ(၁၀-၁၅)အဆင့်၊ အခြေခံပညာ(၁၅-၂၀)အဆင့်နှင့် အဆင့်မြင့်ပညာအဆင့် အဆို၊အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကို စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် ဌာနမှပို့ချပေးခဲ့သော အသက်မွေးဝမ်းကျောင်းနည်းပညာများကို လက်တွေ့အသုံးချပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လက်ခံရရှိ ပြီးသည့်အခါ အသေးစားကုန်ထုတ်လုပ်ငန်းများကိုမဖြစ်မနေထူထောင်သွားရမည်ဖြစ်ကာ ကုန်ပစ္စည်းထုတ်လုပ်ခြင်း နှင့် ဈေးကွက်ရရှိရေးဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့လာခဲ့ပါက ဌာနနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးလက်နေမိသားစုများအား စွမ်းဆောင်ရည်မြင့် မားသော၊ဝင်ငွေကောင်းမွန်သော၊ ခေတ်မီဆန်းသစ်သောထုပ်ပိုးနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက် နိုင်သော၊ ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော ကုန်ထုတ်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဝင်ငွေတိုးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ(၁၀)ရွာ၊ သင်တန်းအမျိုးအစား(၅)မျိုးမှ သတ်မှတ်အရည် အချင်းနှင့်ပြည့်စုံသော ထူးချွန်သင်တန်းသား၊သင်တန်းသူများအား စုစုပေါင်းငွေကျပ် သိန်း(၇၀၀)ကျော်တန်ဖိုးရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ထူးချွန်သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူသုံးကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု၊ စက်ချုပ်နည်းပညာ၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း၊ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်း သစ်မှုနည်းပညာများနှင့်သက်ဆိုင်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်