(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပ

(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 21, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၀

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုရရှိစေရန်နှင့် အခွင့်အရေးများကို ဖော်ထုတ်မြှင့်တင်ပေးရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ ရက်ကိုလည်း ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့ကလေးများနေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၆)နှစ်ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသော ယခုနှစ်ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်မှာ “Listen to Children: my day, my rights” “နေ့စဉ်အခွင့်အရေး များမြှင့်တင်ရေး၊ ကလေးများအသံနားထောင်ပေး ဖြစ်ကြောင်း၊ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများတွင် ကလေးများ၏ စိတ်ကူး၊ ဆန္ဒနှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကလေးသူငယ်တိုင်း၏ အနာဂတ်နှင့် ကောင်းမွန်လှပသည့် နေ့စဉ်ဘဝတွင် ကလေးအခွင့်အရေးများကို အပြည့်အဝရရှိခံစားရင်း လူကြီးဘဝကို အေးချမ်းပျော်ရွှင်စွာရောက်ရှိ လာအောင်လည်းဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသပြီး ကလေးများက သရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်များနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,