(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ကျင်းပ

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / April 26, 2024


နေပြည်တော်၊ ဧပြီလ (၂၅)ရက်

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင် ဒေသခွဲခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ တို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်၊ လီဂျန့်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရ ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော် ဦးဆောင်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ သည်။

ဆွေးနွေးတင်ပြ

မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးများကို ဧပြီ ၂၃ ရက်တွင် ကျင်းပရာ မဲခေါင်ခရီးသွား ဝက်(ဘ်)ဆိုဒ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ လွှင့်တင်နေမှု၊ လူမှုကွန်ယက်များမှတစ်ဆင့် ဒေသတွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက် နေမှု၊ မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးအား မဟာမဲခေါင်ဒေသခွဲအစိုးရများနှင့်ဆိုင်သော နိုင်ငံတကာအဖွဲ့အစည်း အဖြစ် တရားဝင်ရပ်တည်မှု အဆင့်အတန်းရရှိရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင်မှုသဘောတူစာချုပ် (မူကြမ်း)အပေါ် အဖွဲ့ဝင် နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး တင်ပြခဲ့သည်။

ဆွေးနွေးညှိနှိုင်း

ဆက်လက်၍ ဧပြီ ၂၄ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၄ ကို “ Visionary Journeys Redefining Tomorrow’s Travel” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kimi Liua Xiaozhou က အဖွင့်အမှာစကားပြောကြားပြီး ယူနန်ပြည်နယ် CPC ကော်မတီဝင်များ၊ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များနှင့် ခရီးသွား လုပ်ငန်းရှင်များက ကိုဗစ်-၁၉ အလွန် မဟာမဲခေါင်ဒေသတွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရာတွင် ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါင်းစည်းမှုများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများ မြှင်တင်ခြင်းဖြင့် ဒေသတွင်းရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် မှု အလားအလာများ ရရှိနိုင်မှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ သို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ် စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၅ ကို လာအိုနိုင်ငံမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Source From: Kyemon

HOT NEWS
January 4,