(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်
(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 11, 2022
ဘားအံ - နိုဝင်ဘာ (၁၁)
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ခမ်းနားထည်ဝါစွာကျင်းပလျှက်ရှိရာ ယခင်နှစ်များထက် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပိုများပြီး ပြိုင်ဆိုင်မှုကောင်းမွန်ကာ နိုဝင်ဘာ လ ၁၀ ရက်နေ့ ညပိုင်းက သီရိကွင်းဒုံးစင်မြင့်ထက်၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ရှေးဦးစွာ ကြောင်ကဒယ်ဒုံးအဖွဲ့နှင့် ပညာရေးစုပေါင်းဒုံးအဖွဲ့တို့မှ သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ကရင်လူမျိုးများ မြတ်နိုးတန်ဖိုးထားသော ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ကရင်ရိုးရာဒုံးအကသည် ရှေးခေတ်ဘိုးဘွားများ လက်ထက်မှစပြီး ယနေ့ခေတ်အထိ လက်ဆင့်ကမ်းသယ်ဆောင်လာရင်း ကရင်လူမျိုးတို့အတွက် ထင်ရှားသည့် ရိုးရာအကအဖြစ်တည်ရှိနေခြင်းဖြစ်ကြောင်း၊ ဒုံးအကသည် ကရင်တိုင်းရင်း သားလူမျိုးတို့အတွက် စုပေါင်းညီညာမှုနှင့် ရိုးရာဓလေ့ယဉ်ကျေးမှုများကို ပေါင်းစပ်ထားသည့်အကလည်းဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ကရင်ရိုးရာဒုံးပြိုင်ပွဲများကိုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြင့် ရိုးရာမပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုစတင်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ဇနီးများက ဒုံးအကပြိုင်ပွဲ ဗိုလ်လုပွဲ(ဆန်ကာတင်စာရင်း)သို့ မတက်ရောက်နိုင်သော ဒုံးအဖွဲ့(၁၀)ဖွဲ့အား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဘလှိုင်၊ အမှတ်(၂၂)ခြေလျှင်တပ်မဌာနချုပ်ဒုတပ်မမှူးဗိုလ်မှူးကြီးကျော်စိုးလင်း တို့က ဗိုလ်လုပွဲ(ဆန်ကာတင် အဆင့်)သို့တက်ရောက်နိုင်ခဲ့သော ဒုံအဖွဲ့(၅)ဖွဲ့အား အထူးဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုတို့က ရာဓညာဆုတောင်းတေးသီးချင်း တတိယဆုရ မြဝတီခရိုင်ကိုယ်စားပြုဒုံးအဖွဲ့၊ ဒုတိယဆုရ မိဇံတိုက်နယ်စုပေါင်းဒုံး အဖွဲ့၊ ပထမဆုရ ဖာပွန်ခရိုင်ကိုယ်စားပြု ကိုးနဝင်းယဉ်ကျေးမှုဒုံးအဖွဲ့တို့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်သံယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့က တေးသီချင်းတတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်ကြာအင်း ကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့၊ တေးသီချင်းဒုတိယဆုရရှိသော အိန္ဒုတိုက်နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ တေးသီချင်းပထမဆု ရရှိသော ရသေ့ပျံကျေးရွာဒုံးအဖွဲ့တို့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး ဆုများကိုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဒုံးအကပြိုင်ပွဲပဥ္စမဆုရ မိဇံတိုက်နယ် စုပေါင်းဒုံးအဖွဲ့အား ငွေသားဆုကျပ် သိန်း(၃၀)နှင့်ဆုဖလားတို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဒုံးအကပြိုင်ပွဲစတုတ္ထဆုရ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့အား ငွေသားဆု(၃၅)သိန်းနှင့်ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း က ဒုံးအကပြိုင်ပွဲတတိယဆုရ ဘားအံရွှေမြို့တော်ဒုံးအဖွဲ့အား ငွေသားဆု(၄၀)သိန်းနှင့်ဆုဖလားတို့ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်တို့က ဒုံးအက ပြိုင်ပွဲပထမဆုရရှိသော ဝတ်ကြီးတိုက်နယ် မုက္ကဒိကျေးရွာဒုံးအဖွဲ့နှင့် ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်စုပေါင်း ဒုံးအဖွဲ့တို့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး ပထမဆု သိန်း(၅၀)၊ ဒုတိယဆု (၄၅)သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုကဒိုင်အဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့် ခဲ့ပြီး ဆုရရှိသော ဒုံးအဖွဲ့များမှ ပြန်လည်ကပြဖျော်ဖြေခဲ့ကြပါသည်။