(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 30, 2023
ဘားအံ - ဒီဇင်ဘာ (၃၀)
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန်နှင့် ပြည် ထောင်စုကြီးတိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့လျော့ကြစေရန် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပခြင်းဖြစ်ပြီး ပျော်ပွဲရွှင်ပွဲနှင့်ပြပွဲပြိုင်ပွဲအမျိုးမျိုးတို့ကိုလည်း ကျင်းပ ပေးလျက်ရှိကြောင်း၊ တိုင်းတစ်ပါးသားတို့၏စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော လွတ်လပ်သောအချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ်ရောက်ရှိသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ ပြည်နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ကျရာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင် ခဲ့ကြပြီး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက လွတ်လပ်ရေးနေ့ဂုဏ်ပြုတေး သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့်တာဝန်ရှိသူများက (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။