(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


Ministry of Information/ Naypyitaw / March 27, 2022
image_latest


နေပြည်တော် မတ် ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “အနောက်မြောက်ယွန်းယွန်း မှသည် တိမ်ယံဆီသို့” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်နေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၀ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ဂုဏ်ပြုသီချင်းဖြစ်သည့် “သားကောင်း ဒို့စစ်သည်” စစ်ချီသီချင်းအား ရေးသားစပ်ဆိုခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်သည်။

ယင်းနောက် စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက “အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့” ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဦးသိန်းထွန်းအောင်၊ ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး (ပန်းမြို့တော်)၊ တွဲဖက်ဒါရိုက်တာ ထွန်းကျောက်ခဲ၊ ဟန်စိုး(မြစ်ကျိုး)၊ ရိုက်ကွင်းတာဝန်ခံ နှင့် အုပ်ချုပ်မှုတာဝန်ခံ ဗိုလ်မှူး နေဝမ်းထွန်း၊ သရုပ်ဆောင်များဖြစ်ကြသည့် တေဇကျော်၊ မုဏ်း၊ စုလင်းရှိန်၊ မိုးကောင်းကင်၊ ရှင်းသန့်ရွှေ၊ ထူးပြည့်အောင်၊ နေရောင်၊ သီဟနိုင်၊ စစ်နိုနိုဗိုလ်၊ ယမုံမြင့်မြတ်၊ ရွှန်းလဲ့ရည်ဖူး၊ ပိုင်စစ်မှူး၊ ဇွဲဝီရ၊ အောင်ဘုန်းထွဋ်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း။

တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြုစစ်ချီ သီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒုတိယအရာခံဗိုလ် သက်ဝင်းလှိုင်၊ ဒုတိယဆုရရှိသူ မျိုးမြင့် ရန်နောင်၊ စတုတ္ထဆုရရှိသူ အုပ်ခွဲတပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ ပဉ္စမဆုရရှိသူ တပ်ကြပ်ကြီး အောင်မိုးတင့်၊ စစ်သည်တေးသီချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသူ ဇာမဏီ၊ ဒုတိယဆုရရှိသူ သက်နောင်၊ တတိယဆုရရှိသူ မင်းခန့်လှိုင်(ရွှေဘို)၊ စတုတ္ထဆုရရှိသူ မြင့်မြတ်ဦး(မြဝတီ)၊ ပဉ္စမဆုရရှိသူ ဒုတိယတပ်ကြပ် လှိုင်ဝင်းထွန်း(လက်ရုံး)၊ ကဗျာ(ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆုရရှိသူ အမောင်၊ တတိယဆုရရှိသူ မြတ်ထွဏ်းနောင်၊ စတုတ္ထဆုရရှိသူ ကောင်းခြိမ့်ကျော်၊ ပဉ္စမဆုရရှိသူ အောင်မင်းကျော်(ပညာ)၊ ကဗျာ(အလွတ်တန်း) ပြိုင်ပွဲတွင် ပထမဆုရရှိသူ ရဲမင်းစိုးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း။

စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြုကဗျာ (အလွတ်တန်း)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ ကိုကို(ရေနံ့သာ)၊ တတိယဆုရရှိသူ ဘုန်းမောင်ဝင်း (ဖျာပုံ)၊ စတုတ္ထဆုရရှိသူ မောင်ရေမွှေး (ပေလေးပင်)၊ ပဉ္စမဆုရရှိသူ ဦးဆင်ကျော်၊ ဂုဏ်ပြု ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသူ တက္ကသိုလ် မြမဉ္ဇူ၊ ဒုတိယဆုရရှိသူ ကြယ်စင်သုတ၊ တတိယဆုရရှိသူ မိုးထက်ဝေယံ၊ စတုတ္ထဆုရရှိသူ နွေးထက် လှိုင်၊ ပဉ္စမဆုရရှိသူ ယဉ်မွှေးပန်း (ဟဲဟိုး)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ နေဇင်(ပေါက်ခေါင်း)၊ ဒုတိယဆုရရှိသူ မောင်မောင်လွင်(ရွှေဘိုသား)၊ တတိယဆုရရှိသူ မောင်စူးရှ(အနောက်ရိုးမ)၊ စတုတ္ထဆုရရှိသူ ရဲမင်းစိုး၊ ပဉ္စမဆုရရှိသူ ပင်မြင့်စံ(ရွှေဘို) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်နေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,