(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန်

(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန်


Ministry of Information/ Naypyitaw / July 16, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၅

၂ဝ၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်(သောကြာနေ့) (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,