(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / March 28, 2024
image_latest


နေပြည်တော် မတ် ၂၇

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်သိန်းဇော် ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး) အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တို့ကိုလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် အနော်ရထာစစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့အကောင်းဆုံးဆုရရှိသည့် ဘုရင့်နောင် စစ်ကြောင်းအလံအဖွဲ့၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံးစခန်း တတိယဆုရရှိသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံးတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စား ပြုစစ်ရေးပြတပ်ခွဲ (၃)၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့အားလည်းကောင်း ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ (၃)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) (အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု (အမျိုး သမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံးဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိ ချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ရေ)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံးစခန်း ပထမဆုရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံးပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံးပထမဆုရရှိသည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲတို့ကို ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ဒိုင်းဆုနှင့်ဂုဏ်ပြုဆုငွေ ချီးမြှင့်

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကာကွယ်ရေးဦးစီး ချုပ်ရုံး (လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြု ဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယဆုရရှိသည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ စံပြတပ်ခွဲပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,