ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၂၇)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်း
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၂၇)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်း
The Supreme Court of the Union/ နေပြည်တော် / October 16, 2018

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၂၇)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်းနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် တရားရေးအရာရှိ (၈၀)ဦးတို့က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းသစ္စာပြုခဲ့ကြပါသည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၇) တွင် ပထမဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂၇) တွင် ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၆၉) တွင် စာပေထူးချွန်ဆု၊ စံပြဆု၊ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁)တွင် စာပေဂုဏ်ထူးဆု၊ သင်တန်းသားစံပြဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ်က အသစ်ခန့်ထားသည့် ဒုတိယမြို့နယ်တရားသူကြီးများအား သက်ဆိုင်ရာ မြို့နယ်တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်စေရန် တာဝန်ပေးအပ်လွှာများ အပ်နှင်းခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ကြ ပါသည်။
