ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ် (၁၄၄)ရပ်ကွက်၊ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်၊ အမှတ်(၂၂၈)တွင် မီးလောင်မှုသတင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ် (၁၄၄)ရပ်ကွက်၊ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်၊ အမှတ်(၂၂၈)တွင် မီးလောင်မှုသတင်း


Ministry of Home Affairs/ နေပြည်တော် / October 18, 2018
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ် (၁၄၄)ရပ်ကွက်၊ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်၊ အမှတ်(၂၂၈)တွင် မီးလောင်မှု


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ် (၁၄၄)ရပ်ကွက်၊ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်၊ အမှတ်(၂၂၈)တွင် မီးလောင်မှုသတင်း

(၁၇.၁၀.၂၀၁၈)ရက်နေ့၊ (၁၈ ၄၅)အချိန်ခန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ် (၁၄၄) ရပ်ကွက်၊ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်၊ အမှတ်(၂၂၈)၊ ပိုင်ရှင် ဦးအောင်မင်းထွန်း၏ “ရွှေ” စက်မှုလက်မှုလုပ်ငန်း၊ အကျယ်အဝန်း (၄၀x၆၀)ပေ၊ Steel Structure (၁)ထပ်တွင် ဘတ္ထရီအိုးအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း (၁၈ ၅၀)အချိန်သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်    စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ဒဂုံ(မြောက်)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ဒဂုံ(အရှေ့) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်(၁၄)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးနှင့် သူနာတင်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေသယ်ယာဉ်(၁)စီးနှင့် သူနာတင်ယာဉ်(၁)စီး၊ စုစုပေါင်းအထောက်အကူပြုယာဉ်(၄)စီး၊ ကွပ်ကဲမှုယာဉ် (၄)စီး၊ သန္ဓေ(၉၆)ဦး၊ အရန်(၆၅)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ရာ (၁၉ ၁၅)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် TOSHIBA အမျိုးအစား (၃)ကောင်အား အဲယားကွန်း(၁)လုံး၊ ဒန်အိုးအနည်းငယ်နှင့် လေမှုတ်ကွန်ပရက်ဆာမှ ဝါယာကြိုးအနည်းငယ်မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၅၀၀,၀၀ဝိ/- (ကျပ်ငါးသိန်း)ခန့် ဖြစ်ကြောင်းနှင့် မန်နေဂျာ မျိုးလင်းဦး(ခ)မင်းကြင် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းမှ (ပ) ၁၈၀၃/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

 

HOT NEWS
January 4,