ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်၊ (ခ/၁၁)လမ်းတွင် နေအိမ် မီးလောင်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်၊ (ခ/၁၁)လမ်းတွင် နေအိမ် မီးလောင်မှုသတင်း
Ministry of Home Affairs/ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် / November 29, 2018

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်၊ (ခ/၁၁)လမ်းတွင် နေအိမ် မီးလောင်မှုသတင်း
၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၁၃၄၀အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က/ခ)ရပ်ကွက်၊ (ခ/၁၁)လမ်း၊ အမှတ်(၈၂၄)၊ အိမ်ရှင် ဦးမိုးနိုင်၏ (၂၄×၃၆)ပေ၊ RC (၂)ထပ် တိုက်၏ ပထမထပ်တွင် အင်ဗာတာအားသွင်းထားရာမှ အပူလွန်ကဲပြီး အနီးရှိ မွှေ့ယာနှင့်စောင်များသို့ မီးကူးစက်လောင်ကြောင်း ၁၃၄၃အချိန် သတင်းရရှိသဖြင့် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ မြောက်ဥက္ကလာပနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ အထောက်အကူပြုယာဉ်(၄)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ သန္ဓေ (၇၆)ဦး၊ အရန်(၂၅)ဦး၊ ရေဂါလန်(၂၀၀၀)ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် မွှေ့ယာ၊ စောင်နှင့်အဝတ်အထည်များ၊ တီဗွီ(၁)လုံးနှင့် အဆောက်အဦ အပေါ်ထပ် မီးလောင်ခံရပြီး၊ ဆုံးရှုံးမှုတန်ဖိုး ၅၀၀,ဝဝဝိ/ (ကျပ်ငါးသိန်း)ခန့် ဖြစ်ပါကြောင်းနှင့် အိမ်ရှင် ဦးမိုးနိုင်အား အင်းစိန်မြို့မရဲစခန်းမှ (ပ) ၂၄၄၇/ ၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူထားပါကြောင်း သတင်းရရှိပါသည်။