(၉၈)နှစ်မြောက်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့်စာအုပ်စျေးရောင်းပွဲ ပြုလုပ်

(၉၈)နှစ်မြောက်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့်စာအုပ်စျေးရောင်းပွဲ ပြုလုပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 20, 2018


ဘားအံ နိုဝင်ဘာ၂၀
 (၉၈)နှစ်မြောက်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့်စာအုပ်စျေးရောင်းပွဲအား စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်ကာ ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre လူထုအခြေပြုဗဟိုဌာန၌ (၅)ရက်တိုင်ကျင်းပပေးသွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၀)ရက်နေ့၊ နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
 စာအုပ်ပြပွဲနှင့်စာအုပ်စျေးရောင်းပွဲအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောထွန်းနှင့် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ကျောင်းသား/ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များက စာအုပ်အရောင်းဆိုင်များအား ကြည့်ရှုအားပေးကြသည်။
 အဆိုပါ စာအုပ်ပြပွဲနှင့်စာအုပ်စျေးရောင်းပွဲတွင် နန်းတော်ဝင်စာပေ၊ မမာလာစာပေ၊ ပန်းရဝေစာပေ၊ သုတမောင်စာပေ၊ မော်စာပေ၊ ကိုလတ်စာပေ၊ မိတ်ဆွေစာပေတို့မှ သုတ၊ ရသ၊ ကဗျာ စာအုပ်စာပေမျိုးစုံကို ခင်းကျင်းကာ တန်ဖိုး၏ (၁၀)ရာခိုင်နှုန်းလျှော့စျေးဖြင့် နိုင်ဝင်ဘာလ(၂၀)ရက်နေ့မှ နိုဝင်ဘာလ(၂၄)ရက်နေ့အထိ နံနက်(၈)နာရီခွဲမှ ညနေ(၆)နာရီထိ (၅)ရက်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

HOT NEWS
January 4,