၇၂နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

၇၂နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက် / January 11, 2019


(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ပြည်ထောင်စုနေ့ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၈.၁.၂၀၁၉ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များမှ ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်လုံခြုံရေးကိစ္စရပ်များ၊ ဖိတ်ကြားရေးကိစ္စရပ်များ၊ ကြိုဆိုနေရာချထားရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကိစ္စရပ်များ၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကိစ္စရပ်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရေဒီယိုနှင့် ရုပ်မြင်အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရေးကိစ္စရပ်များအပါအဝင်ဆပ်ကော်မတီ၏ အဓိကတာဝန်ဖြစ်သော ဖျော်ဖြေရေးအစီအစဉ်များကို အဆင်ပြေချောမွေ့စွာ၊ ခမ်းနားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •