ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဖားကန့်မြို့နယ် ပြန်/ဆက်ရုံး စာကြည့်တိုက် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဖားကန့်မြို့နယ် ပြန်/ဆက်ရုံး စာကြည့်တိုက် ကြည့်ရှုစစ်ဆေး


Ministry of Information/ ဖားကန့် / January 19, 2019
image_latest


ဖားကန့် ဇန်နဝါရီ ၁၉

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးစာကြည့်တိုက် ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဦးအောင်မျိုးမြင့်တို့နှင့်အတူ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ ပြတိုက်ငယ်၊ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နယ်မြေဆိုင်ရာ သတင်းအချက် အလက်များ ရယူပေးပို့ရေး ၊ မြို့နယ်အတွင်းရှိ စာရေးဆရာများနှင့် ပူးပေါင်းပြီး စာဖတ်ဝ်ိုင်းများ ထိရောက်အောင် ပြုလုပ်ရေး၊ ရုံးအဆောက်အဦးမှ ပြုပြင်ရန် လိုအပ်မှုများ ပြင်ဆင်ထိန်းသိန်းရေးတို့ကို မှာကြားသည်။ ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ခရိုင်/ပြန်ဆက်

HOT NEWS
January 4,