ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာမည့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူသို့ အသိပညာပေးရေးနှင့် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများ ညှိနှိုင်းဆွေးနွေး

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာမည့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူသို့ အသိပညာပေးရေးနှင့် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများ ညှိနှိုင်းဆွေးနွေး


Ministry of Information/ ​နေပြည်တော် / April 19, 2019
image_latest


နေပြည်တော်၊ ဧပြီ ၁၉

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးကြသည်။

ဆွေးနွေးမှုများအရ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ ဖြစ်သော ရေရှားပါးသည့်ဒေသများတွင် ရေပေးဝေရေး၊ ရေရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်သည့်နေရာများ ဖော်ထုတ်ရေး၊ အသိပညာပေးလုပ်ငန်းများ၊ ဆောင်ရွက်ရေးနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားနိုင်ရေးကို ဆက်လက် တင်ပြဆောင်ရွက်နိုင်ရေး၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် မြေပြင်တွင် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကွင်းဆင်းစိစစ်၍ ကာလအပိုင်းအခြားအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,