လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကျင်းပ

လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကျင်းပ


Ministry of Information/ ငွေဆောင် / May 04, 2019
image_latest


ငွေဆောင် မေ ၄

၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကို ယနေ့ ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ် သဲသောင်ပြင်၌ ကျင်းပသည်။

အခမ်းအနားတွင် လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး၊ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက နှုတ်ခွန်းဆက် စကား ပြောကြားပြီး စခန်းပိတ်သိမ်းပွဲ အခမ်းအနားကို ဖွင့်လှစ်ပေး သည်။

ထို့နောက် လူရည်ချွန်မောင်မယ်များ၊ကြီးကြပ်သူဆရာ၊ ဆရာမများက ပါဆယ်ဂိမ်းကစားခြင်း၊ သီချင်းများသီဆိုခြင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းတို့ ဆောင်ရွက်ကြပြီး တေးသီချင်းများ စုပေါင်းသီဆိုခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပုလဲငွေဆောင်ဟိုတယ်၌ လူရည်ချွန်မောင်မယ် များအား ပညာဗဟုသုတ တိုးပွားစေရန် IT ပညာရပ်ဆိုင်ရာ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင် များက ဟောပြောပို့ချခဲ့ပြီး ငွေဆာင်ကမ်းခြေသမိုင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်း ဟောပြောခဲ့ကြသည်။

လူရည်ချွန်စခန်း (ငွေဆောင်)သို့ ဧပြီ ၂၉ ရက်မှ မေ ၄ နေ့အထိ အပန်းဖြေရန်နှင့် လေ့လာရေး ခရီးသွားရောက်ရန် ရောက်ရှိလာကြသည့် လူရည်ချွန် မောင်မယ်များသည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး နှင့် ပုသိမ်မြို့ရှိ ရွှေမုဋ္ဌော စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခြင်း၊ ပုသိမ်မြို့ရှိ ဟာလဝါလုပ်ငန်း၊ ပုသိမ်ထီးလုပ်ငန်း၊အထည်ချုပ်လုပ်ငန်းနှင့် ငွေဆောင်ဒေသရှိ ငါးဖမ်း၊ ငါးလှမ်းလုပ်ငန်း၊ ပုစွန်မွေးမြူရေး လုပ်ငန်းတို့ကို လေ့လာခဲ့ကြပြီး မေ ၅ ရက် နံနက်ပိုင်းတွင် လူရည် ချွန်စခန်း (ငွေဆောင်)မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ ကြမည်ဖြစ်ကြောင်းသိရသည်။

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)