နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တီမောလက်စ် တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တီမောလက်စ် တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Mr. Dionisio da Costa Babo Soares အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် တီမောလက်စ်တေနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တီမော လက်စ်တေသံအမတ်ကြီး Mr. Joao Freitas de Camara နှင့် တီမော လက်စ်တေ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီး Mr. Dionisio da Costa Babo Soares နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် တီမောလက်စ် တေနိုင်ငံတို့၏ နောက်ဆုံးပြည်တွင်းဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ တီမောလက်စ်တေ နိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Mr. Dionisio da Costa Babo Soares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Hilton ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,