အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဆင်းပွဲနှင့် သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်း အခမ်းအနား ကျင်းပ

အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဆင်းပွဲနှင့် သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်း အခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ ပူးပေါင်းဖွင့် လှစ်သည့် အရေးပေါ်ထောက်ပံ့ ပို့ဆောင်ရေး သင်တန်းဆင်းပွဲနှင့် ပဲခူးတိုင်းဒေသကြီး ဦးစီမှူးရုံး၊ သိုလှောင်ရုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ လက်ခံခြင်း နှင့် ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကြိုတင်ပြင်ဆင်ရာတွင် အရေးပေါ်ထောက်ပံ့မှု စနစ်တကျရှိ စေရန် စီမံခန့်ခွဲမှုနည်းပညာသည် အရေးကြီး ပါကြောင်း၊ ယခုသင်တန်းသည် အရေးပေါ်အခြေအနေတွင် အရေးပေါ်ထောက်ပံ့မည့်ပစ္စည်းများကို စနစ်တကျထုပ်ပိုး ထားရှိခြင်း၊ စနစ်တကျ နေရာချထား ခြင်း၊ အရေးပေါ်သည့်အချိန်တွင် ရရှိလာမည့် သတင်းအချက်အလက်ပေါ်မူတည်၍ ဖြန့်ဖြူးဆောင်ရွက်ရခြင်းစသည့် ပညာရပ်ကို သင်ကြားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ထိရောက် သောစီမံခန့်ခွဲမှုပုံစံသစ်ဖြင့် ဆောင်ရွက်မှသာ ပြည်သူလူထုအကျိုး ခံစားခွင့်ရရှိ မည်ဖြစ်ပါကြောင်း၊ စနစ်တကျသိုလှောင် ထိန်းသိမ်းဖြန့်ဖြူးသည့် အပိုင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သိုလှောင်ရုံပြုပြင် မွမ်းမံမှုအတွက် အကူအညီပေးသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပါပူးပေါင်းပါဝင် တက်ရောက်နေသည့်အတွက် ပြည်သူ့ အကျိုးကို ထိထိ ရောက်ရောက်ပြန်လည်အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP၊ မြန်မာ) Country Director, Mr. Domenico Scalpelli က ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး၊ သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၄ သောင်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,