ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲသို့ တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲသို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / June 24, 2019
image_latest


နေပြည်တော် ဇွန်၂၃

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌ၊ အာဆီယံပါလီမန်များ ညီလာခံ (AIPA) ဥက္ကဋ္ဌ မစ္စတာ ချွန်လိပိုင် ၏ ဖိတ်ကြားချက်အရ အာဆီယံပါလီမန် ခေါင်းဆောင်များ၏ အကြိုညှိနှိုင်း အစည်းအဝေး (AIPA Preparatory Meeting) နှင့် (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ AIPA-ASEAN Interface သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ဇွန် ၂၀ ရက် ညပိုင်းက ရောက်ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်၂၁ ရက်နံနက် ၈နာရီခွဲတွင် ကျင်းပသည့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၏ အကြိုညှိနှိုင်း အစည်းအဝေးသို့ AIPA အဖွဲ့ဝင် နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယက သည် ထိုင်းနိုင်ငံဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချွန်လိပိုင်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်သူအချင်းချင်း၊ လွှတ်တော်အချင်းချင်း ဆက်ဆံရေး ခိုင်မာ တိုးတက်လာစေရေး အတွက် နှစ်နိုင်ငံလွှတ်တော် ခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်လည်ပတ်ရေး၊ လွှတ်တော်ချင်း ဆက်ဆံရေးကိစ္စများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌက တည်ခင်းသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Athenee Hotel ၌ ကျင်းပသည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ “AIPA-ASEAN Interface” သို့ တက်ရောက်ခဲ့ကြသည်။

ညနေပိုင်းတွင် ထိုင်းနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ပရော်ဖက်ဆာ ဒေါက်တာ ပွန်ပက်စစ် ချစ်ချိုချိုင်း က တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၃ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Athenee Tower ရှိ Crystal Hall ၌ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား (Opening Ceremony of the 34th ASEAN Summit) သို့ တက်ရောက်ခဲ့ပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေ ၆ နာရီခွဲတွင် ပြန်လည်ရောက်ရှိ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,