ငှက်လက်မမြီးရှည်ညို ငှက်မျိုးစိတ်များကို မြန်မာ့ဇာတိရင်းငှက်မျိုးစိတ်သစ်တစ်ခုအဖြစ် သတ်မှတ်

ငှက်လက်မမြီးရှည်ညို ငှက်မျိုးစိတ်များကို မြန်မာ့ဇာတိရင်းငှက်မျိုးစိတ်သစ်တစ်ခုအဖြစ် သတ်မှတ်


Ministry of Information/ ​နေပြည်တော် / July 05, 2019
image_latest


နေပြည်တော် ဇူလိုင် ၄

မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် ငှက်လက်မ မြီးရှည်ညို (Brown Prinia) ငှက်မျိုးစိတ်များ ကို ကမ္ဘာ့ငှက်ပညာရှင်များက ထပ်မံမျိုးခွဲ သုတေသနပြုခဲ့ရာ Burmese Prinia (Prina cooki) မျိုးစိတ်အဖြစ် မျိုးခွဲခဲ့ပြီး ၎င်းငှက်မျိုးစိတ်ကို မြန်မာ နိုင်ငံတစ်နိုင်ငံအတွင်း၌သာ တွေ့ရှိနိုင်သော မြန်မာ ဇာတိရင်းမျိုးစိတ် (Myanmar Endemic) အဖြစ် သတ်မှတ်အတည်ပြုလိုက်ကြောင်း သား ငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) WCS မှ သိရသည်။

အဆိုပါ ငှက်မျိုးစိတ်ကို ဇွန် ၁၇ ရက်က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ငှက်လက်မမြီးရှည်ညို မျိုးစိတ် သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေထိုင်ကျက်စားလေ့ရှိသည့် ငှက်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

သီဟစည်သူ

ဓာတ်ပုံ - WCS Myanmar

HOT NEWS
January 4,