(၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်(စတုတ္ထနေ့)

(၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်(စတုတ္ထနေ့)


Ministry of Foreign Affairs/ Nay Pyi Taw / August 02, 2019


(၂-၈-၂၀၁၉၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် သြဂုတ်လ ၂ ရက်တွင် (၂၀)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၉)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၂၆)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ သီးသန့်အစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။

(၂၀)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပြင် နိုဝင်ဘာလတွင် ပြုလုပ်မည့် (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ (၉)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံနှင့်အရှေ့အာရှနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် (၁၄)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပသွားနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ (၂၆)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ သီးသန့်အစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

HOT NEWS
January 4,