အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း သဘောတူညီချက်ဆိုင်ရာ စင်ကာပူ ကွန်ဗင်းရှင်း လက်မှတ်ရေးထိုးပွဲနှင့် ညီလာခံသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်

အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း သဘောတူညီချက်ဆိုင်ရာ စင်ကာပူ ကွန်ဗင်းရှင်း လက်မှတ်ရေးထိုးပွဲနှင့် ညီလာခံသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်


Ministry of Information/ ​နေပြည်တော် / August 11, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၁

အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း သဘောတူညီချက်ဆိုင်ရာ စင်ကာပူ ကွန်ဗင်းရှင်းလက်မှတ်ရေးထိုးပွဲနှင့် ညီလာခံကို စင်ကာပူနိုင်ငံတွင် ဩဂုတ် ၆ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်ခဲ့သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုရှေ့နေချုပ်သည် အာဆီယံ ဥပဒေပညာရှင်များအသင်း ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ တရားသူကြီးချုပ် Mr. Sundaresh Menon နှင့် တွေ့ဆုံပြီး အာဆီယံ နိုင်ငံများရှိ ဥပဒေပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ဥပဒေရေးရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံသည် အာဆီယံ ဥပဒေပညာရှင်များအသင်းသို့ ၂၀၁၂ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အမျိုးသားကော်မတီ ဖွဲ့စည်းခဲ့မှုနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီကို ပြင်ဆင် ဖွဲ့စည်းနေမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စင်ကာပူနိုင်ငံ ပြည်ထဲရေးနှင့် ဥပဒေရေးရာဝန်ကြီး Mr. K Shanmugan နှင့်တွေ့ဆုံပြီး ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်း ဆောင်ရွက်နေမှုများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြ သည်။

ထို့ပြင် စင်ကာပူနိုင်ငံ ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ် တို့နှင့်တွေ့ဆုံ၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေ အရာရှိများအား စင်ကာပူနိုင်ငံ ရှေ့နေချုပ်ရုံးတွင် တွဲဖက် လေ့ကျင့် သင်ကြားနေမှုများ၊ ဥပဒေရေးဆွဲရေးနှင့် တရားစွဲအမှုလိုက် လုပ်ငန်းများတွင် ဥပဒေအရာရှိ များ၏ လုပ်ငန်းစွမ်းရည်များ မြင့်မားရေးအတွက် ပို့ချလျက်ရှိသည့် သင်တန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,