ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ၏ တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ၏ တွေ့ဆုံဆွေးနွေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ - သြဂုတ်(၉)
 မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ၏ တွေ့ဆုံဆွေးနွေးခြင်းကို သြဂုတ်လ(၉) ရက်နေ့၊ နံနက်(၉) နာရီက ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်တွင် ပြုလုပ်သည်။
 တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်က တက်ရောက် အမှာစကားပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှုးဒေါ်သန်းသန်းဝင်းကလည်းကောင်း၊ UN W0MENမှ Gender Advisorက NSPAW၂၀၂၀-၂၀၂၂ Operational Planနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြသည်။
 ဆက်လက်၍ ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ ဖွဲ့စည်းပုံ၊ကော်မတီ၏ ရေရှည်မျှော်မှန်းချက်နှင့် လုပ်ဆောင်ရမည့် တာဝန်များ NSPAW၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အပေါ် အကောင်အထည်ဖော်မှုအခြေအနေ၊ NSPAWလုပ်ငန်းစီမံချက်၂၀၁၃-၂၀၂၂ ၏ ကျန်ရှိသော (၃)နှစ်တာ ကာလအတွင်း Operational Plan၂၀၂၀-၂၀၂၂ကို ရေးဆွဲနိုင်ရေး အကြံပြုချက်များ စသည့်အချက်များကို တက်ရောက်လာကြသော ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အုပ်စုဖွဲ့ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။