ဒီရေတိုက်စားမှုကြောင့် ငမိုးရိပ်ချောင်း ကမ်းပတ် တာရိုးပြိုကျခြင်း ပြုပြင်ဆောင်ရွက်

ဒီရေတိုက်စားမှုကြောင့် ငမိုးရိပ်ချောင်း ကမ်းပတ် တာရိုးပြိုကျခြင်း ပြုပြင်ဆောင်ရွက်


Ministry of Information/ ​နေပြည်တော် / August 15, 2019
image_latest


မြောက်ဥက္ကလာပ ဩဂုတ် ၁၄

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက် ကံမြို့သစ်၊ မော်ကျွန်း ဘုန်းကြီးကျောင်းဝင်း အနောက်ဘက်ရှိ ငမိုးရိပ် ချောင်းအား ဒီရေတိုက်စားပြီး ကမ်းပတ် တာရိုးပြိုကျမှု ဖြစ်ပွား၍ ပြန်လည်ပြုပြင်ခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ဦးဆောင်သော အဖွဲ့များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေပေါက်ကံ မြို့သစ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရွှေပေါက်ကံ လမ်းတံတား တာဝန်ခံအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လျှပ်စစ်ဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ NGO များ၊ ပြည်သူများ စုစုပေါင်း အင်အား (၂၀၀) ကျော်ဖြင့် သဲအိတ်များဖို့၍ ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရွှေပေါက်ကံမြို့သစ်အတွင်း ငမိုးရိပ်ချောင်းမှ ဒီရေတက်ခြင်းကြောင့် ရပ်ကွက်များ၊ လမ်းများ၊ စာသင်ကျောင်းများအတွင်း ရေများဝင်ရောက်ပြီး သွားလာရေးခက်ခဲခြင်းကို နှစ်စဉ် ကြုံတွေ့ရ သည့် အခက်အခဲ ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)

 

HOT NEWS
January 4,