ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးသင့်ဒေသများအတွက် အလှူငွေ လှူဒါန်းပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးသင့်ဒေသများအတွက် အလှူငွေ လှူဒါန်းပွဲသို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / August 18, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၈

 

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် အလှူငွေ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် အလှူရှင်များက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြပြီး (၁၉၇၂ - ၁၉၈၀) ဆေးတက္ကသိုလ် (၁) ကျောင်းသား၊ ကျောင်းသူဟောင်းများက ငွေကျပ် ၄၂ သိန်း၊ စက်မှုတက္ကသိုလ် ၁၉၈၃ ခုနှစ်ဝင် သူငယ်ချင်းများက ငွေကျပ် ၁၄၃ သိန်း၊ Tech Myanmar Family က ငွေကျပ် ၅ သိန်း၊ ဦးတင်မောင်စိုး + ဒေါက်တာခင်မာစိုး၊ အမဒေါ်တင်မကြီးနှင့် ဒေါ်ခင်အေးမူ (ပြင်ဦးလွင်) မိသားစုက ငွေကျပ် ၇ သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လှူဒါန်းငွေများကို ဘေးဒဏ်ခံရသော ပြည်သူများ သာတူညီမျှ ရရှိရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေသို့ တိုက်ရိုက်ထည့်သွင်းပြီး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် လိုအပ်ချက်များ ထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့်စပ်လျဉ်းပြီး မြေပြိုဒဏ်ခံရသူများအတွက် ရှာဖွေရေးစက်နှင့် ကင်မရာ၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း ရှာဖွေးရေးစက်၊ ပုံရိပ်ရှာဖွေရေးနှင့် အပူချိန်ပုံဖမ်းကင်မရာ၊ ရွေ့လျားမှုအာရုံခံကိရိယာ၊ အသံလှိုင်းဖြင့် ရေအောက် တည်နေရာ ရှာဖွေရေး ရေအောက်ကင်မရာများ၏ အသုံးဝင်ပုံနှင့် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မှုတို့နှင့် စပ်လျဉ်း၍ ကုမ္ပဏီများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုလေ့လာသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,