ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်

ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 19, 2019


ကော့ကရိတ် ဩဂုတ် ၁၈

 ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများစီးဆင်းခြင်း မြစ်ရေချောင်းရေများမြင့်တက် လာခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ရပ်ကွက်၊ကျေးရွာအချို့တွင် နေထိုင်သူများ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရာ ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် Mytel(Kayin Branch) တို့မှ ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ကျေးရွာအုပ်စုသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

 ထိုသို့သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဦးမင်းကိုခိုင်၊ Mytel (Kayin Branch) မှ ဒါရိုက်တာ Mr., Doan Cong Phuroc နှင့်ဝန်ထမ်းများသည် မြောက်ကမ္မရိုက်ကျေးရွာအုပ်စုရှိ ငှက်ပျောတော၊ မာလာကုန်း၊ တလွဲထော်ကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု ၃၅၀ စု၊ လူဦးရေ ၁၀၅၀ ဦးအတွက် ဆန်အိတ် ၁၀၀၊ ရေသန့် ၂၀၀ ကတ်၊ ငါးသေတ္တာ ၁၀၀ ဖါ၊ ခေါက်ဆွဲခြောက် ၁၀၀ ဖါ တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

HOT NEWS
January 4,