ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေများ လာရောက်လှူဒါန်း


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


ပဲခူး ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Glamoroso Apparel (Myanmar)Co., Ltd မှ တာဝန်ရှိသူများက ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် အလှူငွေကျပ် သိန်း(၃၀) လာရောက် လှူဒါန်းကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ အတွက် အလှူငွေပေးအပ်ခဲ့မှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ အလှူငွေ ပေးအပ်လှူဒါန်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Glamoroso Apparel (Myanmar) Co., Ltd မှ Mr. Cheung Kwok Wing David, Mr. Lau Siu Kin ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)

 

HOT NEWS
January 4,