အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁   

 

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့လုပ်ငန်း ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၁၅)ရပ်နှင့်အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

 ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို            နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေခံလိုအပ်သော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများသာမက ခေတ်မီနည်းပညာသုံးအသက် ကယ်ပစ္စည်း ကိရိယာများ အသင့်ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ၊ စီမံကိန်းများရေးဆွဲ၍ စနစ်တကျ ရေးဆွဲအ ကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်ပညာရှင် များနှင့်လည်းပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အမျိုးသားကော်မတီမှ သဘာဘေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များရယူဆောင် ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန်တုံ့ပြန်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲလျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီ များနှင့်လည်း လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ အမျိုးသားကော်မတီ၏လမ်းညွှန်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ရန်ပုံငွေများစနစ် တကျသုံးစွဲမှု၊ ၂၀၁၈ ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်ပွားမှုနှင့် ပြန်လည်ထူထောင်ရေးများ စတင်ဆောင် ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

 

 

ယင်းနောက် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

 (သတင်းစဉ်)

 

 

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •