နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသံအမတ်ကြီးနှင့်ဇနီးတို့အား နှုတ်ဆက် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းသံအမတ်ကြီးနှင့်ဇနီးတို့အား နှုတ်ဆက် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Ministry of Information/ ​နေပြည်တော် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သံတမန်များ အဖွဲ့နာယကဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး Mr. Pehin Orang Kaya Seri Pahlawan Colonel (R) Dato Paduka Haji Abdu’r Rahmani bin Dato Paduka Haji Basir နှင့် ဇနီးတို့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ နေအိမ်၌ လက်ခံတွေ့ဆုံ၍ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

နေ့လယ်စာစားပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြသည်။

 

Ref; Myanmar State Counsellor Office

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •