အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများနှင့်တွေ့ဆုံ

အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများနှင့်တွေ့ဆုံ

Ministry of Information/ ရခိုင် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သည့် အာဆီယံ(၉)နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။

 

ယင်းနေ့ ညနေပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဟိန္ဒူမိသားစု(၁၁)ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ သည်။

 

ယင်းသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ဟိန္ဒူမိသားစုများက ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း၎င်းတို့၏ မိသားစု ဝင်များ ဆုံးရှုံးခဲ့ရမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ယူခံခဲ့ရမှုအခြေအနေ၊ အိန္ဒိယအစိုးရနှင့် ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဉီးတို့၏ အကြောင်းကြားပေးမှုဖြင့် မြန်မာအစိုးရက ၄င်းတို့အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ခေါ်ယူခဲ့မှု အခြေအနေ၊ ၄င်းတို့အား ဖမ်းဆီးမိပါက သတ်ဖြတ်မည်ဟု ARSA  မှ ခြိမ်းခြောက်မှုအခြေအနေ၊ ပြန်လည် ဝင်ရောက်လာပြီးနောက် နေထိုင်ရသည်မှာ လုံခြုံစိတ်ချရမှုအခြေအနေ၊ မောင်တောမြို့၌ ပြန်လည်အခြေချနေထိုင်လိုမှုနှင့် အသက်ရှင် ရပ်တည်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်လိုမှု အခြေအနေ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေ ခံကတ်ပြား (NVC)ကိုင်ဆောင်ထားရှိမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ပြန်လည်ပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ၄င်းတို့အတွက် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး မောင်တောမြို့တွင် နေအိမ်များ ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီမောင်တောမြို့သို့ ပြောင်းရွှေ့ပေးရန်စီစဉ်ထားရှိကြောင်း၊ အသက် မွေး၀မ်းကျောင်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊   နိုင်ငံသားစိစစ်ခွင့်ခံရမည့်သူ၏ သက်သေခံ ကတ်ပြားများ (NVC) ရရှိနိုင်ရေးနှင့် နိုင်ငံသား လျှောက်ထားမှုလုပ်ငန်းစဉ် များအတွက် သက်ဆိုင်ရာများ နှင့်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယနေ့နံနက်ပိုင်းတွင် အဆိုပါကိုယ်စားလှယ် အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိအစီ အစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင်မိသားစုဝင် (၁၀)ဦးအားစစ်တွေမြို့ရှိ ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာ၌အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းချက် များနှင့်စပ်လျဉ်း၍ ၎င်းမိသားစုများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်က ARSA အဖွဲ့၏ ခြိမ်းခြောက်ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း သိရှိခဲ့ရကြောင်း၊ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စား သောက်ရေး အခက်အခဲ များကြောင့် မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာအစိုးရမှ မြန်မာဘက်တွင်နေထိုင်ခဲ့သည့်အထောက်အထားနှင့် အကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိ- မရှိ ဆိုသည့် အချက်(၂)ခုကိုသာ အဓိကစိစစ်ခဲ့ပါကြောင်း၊ တစ်ဖက်နိုင်ငံရှိ စခန်းများတွင် လက်ရှိနေထိုင်လျက်ရှိသူများအနေဖြင့် ARSA ၏ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ခံစားနေရကြောင်း၊ မူလနေရပ်သို့ပြန်လည် သွားရောက် လုပ်ကိုင် လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့် သွားရောက်နိုင်မှု မရှိသေး ကြောင်းအပါအဝင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအနေဖြင့် မူလနေရပ်သို့ ပြန်လာ၍ အခြေချနေထိုင်လိုသော်လည်း ARSA  ၏ ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှုကြောင့် ပြန်လာနိုင်ခြင်း မရှိသည့် အခြေအနေ၊NVC ကတ် ရရှိရေးဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ NVC ကတ် ကိုင်ဆောင်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခဲ့ပြီး၎င်းတို့အတွက် အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကမြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြားနှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လိုသူ (၂ဝ,ဝဝဝ)ကျော်အနက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲစခန်းမှတစ်ဆင့် မိသားစုဝင် (၆)ဉီး ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့မှု၊ ၄င်းတို့၏စားဝတ်နေရေးအတွက် စီစဉ်ပေးထားမှုနှင့် ယာယီနေရာ ချထားပြီးပါက မူလနေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်) ၎င်းနှင့်အနီးဆုံးနေရာတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုကဲ့သို့ လာရောက်တွေ့ဆုံ မေးမြန်းပေးသည့် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ရုံးတို့မှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်နှင့် ဆောင်ရွက်သည့်အခါတွင် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်သည့် UN အဖွဲ့အစည်းများကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

 

ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးနှင့်အဖွဲ့သည်လည်း ဩဂုတ် ၂၇ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ သွားရောက်၍ မိမိဆန္ဒအလျောက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့သည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့ကြောင်း နှင့် နေရပ်စွန့်ခွာသူများ၏ အခက်အခဲ၊ လိုအပ်သည့်အကူအညီများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြ သည့် နေရပ်စွန့်ခွာ သူများ၏အခြေအနေများ၊ ဂျပန်အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေး သွားရန်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု သိရသည်။

 

 (သတင်းစဉ်)

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •