ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများသီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများ ပြောကြား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများသီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများ ပြောကြား


Ministry of Information/ yangon / December 24, 2018
image_latest


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေအိမ်သို့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များ အဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများ ဂုဏ်ပြုပြောကြားကြသည်။
 
ရှေးဦးစွာ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့က ခရစ္စမတ်ဓမ္မတေးသီချင်းနှင့် ငြိမ်းချမ်းရေး တေးသီချင်းများ သီဆိုကြသည်။
 
ယင်းနောက် Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့မှ အဖွဲ့ဝင် ကိုကောင်းပြည့်ပိုင်က ဆုတောင်း စကားပြောကြားသည်။
 
ထို့နောက် Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့မှ ခရစ္စမတ်လက်ဆောင် ပစ္စည်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ် ကြူကြူလှထံ ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဓမ္မတေးသီချင်းများ သီဆိုရာတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် တူရိယာပစ္စည်း၊ အလှူငွေများနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ် သည်။
 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့အား နှုတ်ခွန်းဆက်စကား ပြောကြားသည်။
 
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မိသားစုများက Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့အား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
 
သတင်းစဉ် 
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး